"လူကုန်ကူးမှုခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှု ရရှိဖို့ ဆောင်ရွက်ကြပါစို့" ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်သည့် လူကူကုန်းမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပိုစတာဆိုင်းဘုတ် စိုက်ထူဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်းရှေ့တွင် ကျင်းပသည်။