တောင်ငူ ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သာသနဟိတကာရီဗိမာန်တော်ကြီး၌ ၂၀၂၄ ခုနှစ်၊ နိကာယ်ငါးရပ်စာမေးပွဲကို ဇွန်လ ၆ ရက်နေ့ မွန်းတည့် (၁၂) နာရီအချိန်က စတင်ဖြေဆိုလျက်ရှိသည်။
အဆိုပါစာမေးကို ဇွန် ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး နေ့စဥ်မွန်းတည့် (၁၂)နာရီအချိန်မှ ညနေ (၄)နာရီအထိ ဖြေဆိုရမည်ဖြစ်သည်။ ယနေ့ ဇွန် ၆ ရက်နေ့တွင် အုပ်စု (၁)၊ ပါရာဇိကပါဠိဘာသာရပ်ဖြေဆိုသူ ရဟန်း (၂၀၇)ပါး၊ သီလရှင် (၂၂)ပါး၊ စုစုပေါင်း (၂၂၉)ပါး၊ အုပ်စု (၂) သီလက္ခန္ဓဝဂ္ဂပါဠိဘာသာရပ်ဖြေဆိုသူ ရဟန်း (၄၉)ပါး၊ သီလရှင် (၃)ပါး၊ စုစုပေါင်း (၅၂)ပါး၊ အုပ်စု (၃) မူလပဏ္ဏာသပါဠိဘာသာဖြေဆိုသူ ရဟန်း (၇)ပါး၊ အုပ်စု (၄) သဂါထာဝဂ္ဂ၊ နိဒါနဝဂ္ဂသံယုတ္တပါဠိဘာသာရပ်ဖြေဆိုသူ သီလရှင် (၁)ပါး၊ အုပ်စု (၅)၊ ဧကကမှစတုက္ကနိပါတပါဠိ ဖြေဆိုသူ ရဟန်း (၂၄)ပါးနှင့် အုပ်စု (၈) ဓမ္မသင်္ဂဏိပါဠိဘာသာဖြေဆိုသူ ရဟန်း (၂၂)ပါး၊ သီလရှင် (၉)ပါး၊ စုစုပေါင်း (၃၁)ပါး ဖြေဆိုလျက်ရှိကြောင်း တောင်ငူခရိုင်သာသနာရေးဦးစီးဌာနမှ သိရသည်။
ခရိုင် (ပြန်/ဆက်)