နည်းပညာတက္ကသိုလ် (တောင်ငူ)၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်၍  ခရိုင်နှင့်မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။

ကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

ကျိုက်မရောမြို့၌ စာပေချစ်သူများအသင်း (Book Club) နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာရေးဆရာမ ခင်ဆွေဦး ရေးသားသည့် “အင်ကြင်းရဂုံစာအုပ်” ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (ကျိုက်မရော) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေး ငြမ်းဆင်ခြင်းလုပ်ငန်း လုပ်သားခေါ်ယူခြင်းအတွက် ဈေးပြိုင်လေလံပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန် ကြာမှောက်၊ ကြာလှန်နှင့် ရွဲလုံးကြီးများရှိ ရွှေပြားများ ပြန်လည်ပြုပြင်၍ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးနှင့် ကြာခံကြီး၊ ကြေးဝန်း၊ ရှစ်မြှောင့်ချိုး၊ အရန်စေတီ (၄)ဆူ၊ အထက်ပစ္စယံတို့အား ရွှေသင်္ကန်းကပ်လှူနိုင်ရေး၊ ရွှေမိုက်ထုတ်ယူနိုင်ရေးလုပ်ငန်းများအတွက် ငြမ်းဆင်ခြင်းလုပ်သားခေါ်ယူခြင်းအတွက် ဈေးပြိုင်လေလံတင်ဒါပွဲအခမ်းအနားအား ရွှေစည်းခုံစေတီတော်ကြီး အရှေ့တောင်ထောင့်ရှိ အင်္ဂါထောင့်တန်ဆောင်းတော်အတွင်း ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

မိုးညှင်းမြို့၌ စာပေဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် စာပေဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီက အ.ထ.က (၂) ရှိ မြတ်သရဖူခန်းမ၌ ကျင်းပသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့သည် ဇွန်လ(၇)ရက်နေ့၊ နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) ဧရိယာအတွင်း ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့သည်။

ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်သမဝါယမအသင်း၊ရွှေဟင်္သာငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အသင်းရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to