မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၏အရင်းမူလဖြစ်သည့် ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန်ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၂၄ ခုနှစ် (၃၁)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် စတင်ကျင်းပပြုလုပ်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာ ရာမကျောင်းတိုက်တွင်လည်း ယနေ့မွန်းတည့်(၁၂)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ဩဝါဒစရိယ ဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေး ဆရာတော်များနှင့် ကြီးကြပ်ရေးဆရာတော်များ၏စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၄ခုနှစ် (၃၁)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကို စတင်ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စုစုပေါင်းစာဖြေသံဃာတော်( ၁၅၈ )ပါး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။