မြန်အောင်မြို့တွင် ဥပဒေရေးရာနှင့် တရားစီရင်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ (Community Centre) ခန်းမတွင်ကျင်းပ

မြန်အောင် ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်/မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ဥပဒေရေးရာနှင့် တရားစီရင်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်က မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်အောင်မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သိန်း(ခရိုင်တာဝန်ပူးတွဲ)က "ဥပဒေနှင့်အညီ ခုခံချေပဖို့ နွမ်းပါးပြည်သူ ကူညီကြစို့" ဆောင်ပုဒ်နှင့်အညီ ဥပဒေဆိုင်ရာ အထောက်အကူတောင်းခံခွင့်ရှိသူများနှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးနိုင်သည့် လုပ်ငန်းများ၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး နည်းလမ်းများအကြောင်း အသိပေးဟောပြော၍ အဖွဲ့ဝင် ဦးခင်မောင်သက်က ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ရည်ရွယ်ချက်များ၊ အခြေခံမူများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဥပဒေရေးရာနှင့် တရားစီရင်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ မြန်အောင်မြို့ပေါ်ရပ်ကွက်များမှ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)