မြဝတီမြို့၌ ဆေးနှင့်ဆေးပစ္စည်းများ ပစ္စည်းပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

မြဝတီ ဇွန် ၇

ကရင်ပြည်နယ်၊ မြဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြဝတီမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်ခြောက်ဆိုင်တွင် ဆေးနှင့်ဆေးပစ္စည်းများ ပစ္စည်းပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မိုးကို ဦးဆောင်မှုဖြင့် ပူးပေါင်းအဖွဲ့တို့သည် ပြည်သူများသို့  နေ့စဉ်လက်လီရောင်းချလျက်ရှိသည့် ဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများ ပစ္စည်းပြတ်လပ်မှုမရှိစေရေးအတွက် စစ်ဆေးရာ၌ အချို့ဆေးဆိုင်များ၌ ဆေးများပြတ်လပ်မှုမရှိသော်လည်းဘဲ အချို့ဆေးဆိုင်များတွင်  အနည်းငယ်သာကျန်ရှိနေသည်ကို စစ်ဆေးသိရှိရပြီး ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးသည် မိုးရာသီကာလ မိုးရွာသွန်းမှုများခြင်းတို့ကြောင့် ဆေးနှင့်ဆေးပစ္စည်းများ သယ်ယူရာတွင်လမ်းပန်းဆက်သွယ်ရေးအရ အခက်အခဲများရှိနေခြင်းတို့ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)