ဗဟန်း ဇွန် ၈
(၃၁)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် စတင်ကျင်းပပြုလုပ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင် ဗဟန်းမြို့နယ်ကြားတောရရပ်ကွက် ကြားတောရလမ်းရှိ သာသနာလင်္ကာ ရမဟာဓမ္မဗိမာန်တော်ကြီး (ကျောင်းတော်ရာရွှေကျင်တိုက်)တွင် ယမန်နေ့မွန်းတည့်(၁၂)နာရီအချိန်က မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အတွင်းရှိ ဩဝါဒစရိယ ဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ်ရေးဆရာတော်များ၏ စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် (၃၁) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကို စတင်ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စုစုပေါင်း စာဖြေသံဃာ တော်( ၁၈၄ )ပါးနှင့် သီလရှင်(၈၇)ပါးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် (၃၁) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ ကျင်းပပြုလုပ်နေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။အဆိုပါ ၂၀၂၄ ခုနှစ် (၃၁) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကို ဇွန်လ (၇) ရက်နေ့မှ ဇွန်လ (၁၁) ရက်နေ့ အထိ နေ့စဉ်မွန်းတည့် (၁၂) နာရီမှညနေ(၄)နာရီအထိ (၅)ရက်တိုင်တိုင် အုပ်စုများခွဲ၍ ကျင်းပပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်