ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်သမဝါယမအသင်း၊ရွှေဟင်္သာငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အသင်းရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်နေသည့် အသက်‌မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းအား ယနေ့နံနက်ပိုင်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

မိုးညှင်းမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဆိုင်းဘုတ် စိုက်ထူ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေးနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေး Billboard စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲမှစတင်၍ အောင်သပြေရပ်ကွက်ရှိ စုပေါင်းရုံးအနီ မီးပွိုင့်လမ်းဆုံနေရာနှင့် နားခါရပ်ကွက် အထင်ကရဆင်ရုပ်ကြီးအနီး မြို့လယ်လမ်းဆုံနေရာတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကလောခရိုင် စီမံအုပ်ချုပ်‎ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေး၊ သစ်တောများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရာသီဥတုပြောင်းလဲမှုကို သစ်ပင် စိုက်ပျိုးခြင်းဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ မိတ္ထီလာ - တောင်ကြီးကားလမ်း မိုင်တိုင် (၈၆/၅) အနီးတွင် ယနေ့ နံနက် ၇ နာရီက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နိုင်ငံတစ်ဝန်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်အဆောက်အုံနှင့် စာအုပ်၊ စာစောင်များလှူဒါန်းပွဲ အခမ်းအနားတက်ရောက်

နိုင်ငံတစ်ဝန်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်အဆောက်အုံနှင့် စာအုပ်၊ စာစောင်များ လှူဒါန်းပွဲ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာကြည့်တိုက်မှူးများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဗန်းမော်မြို့တွင် မိုးစပါးစိုက်ပျိုးရန်(၂၃၅၀၄)ဧက လျားထားမှုပြည့်မီရေး ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ မိုးစပါးစိုက်ပျိုးရန် (၂၃၅၀၄) ဧက လျာထားမှုပြည့်မီရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် တာဝန်ရှိသူများသည် ယနေ့နေ့လယ် ၁၂နာရီတွင် ဗန်းမော်မြို့၊ နမ့်ဖားရပ်ကွက်ရှိ ကွင်းအမှတ်(၁၆၈၊နမ့်ဖားကွင်း)သို့ ကွင်းဆင်း၍ တောင်သူများနှင့်တွေဆုံပြီး မိုးစပါးလျာထားချက်ပြည့်မီအောင် စိုက်ပျိုးရေးအတွက် ကြိုတင်ပြင်ဆင်မှုအခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုး‌ရေးဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရပါသည်။
Subscribe to