မြန်အောင်၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate) ဆေးခတ်ခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate) ဆေးခတ်ခြင်းကို မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ယနေ့နံနက်က မြန်အောင်နေခြည်စျေး၊ မြန်အောင်မြို့ပေါ်ရပ်ကွက်များ၊ အခြေခံပညာကျောင်းများ၊ ပရဟိတဘုန်းတော်ကြီးကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

ကရင်ပြည်နယ် ဘားအံမြို့ရှိ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဖြင့်အောင်မြင်နေသည့် ရွှေမုဒြာသဘာ၀ဆပ်ပြာထုတ်လုပ်ငန်း အမျိုးသမီးလုပ်ငန်းရှင် ဒေါ်ငြိမ်းဝင်းသန်း နှင့် တွေ့ဆုံမေးမြန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့ရှိ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဖြင့် အောင်မြင်နေသည့် ရွှေမုဒြာသဘာ၀ဆပ်ပြာထုတ်လုပ်ငန်း အမျိုးသမီးလုပ်ငန်းရှင် ဒေါ်ငြိမ်းဝင်းသန်းနှင့် တွေ့ဆုံမေးမြန်းမှုကို တင်ပြလိုက်ပါသည်။

ကြို့ပင်ကောက်မြို့နယ်၌ သာသနာတော်ဆိုင်ရာ နိကာယ်စာမေးပွဲများကျင်းပ

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၌ သာသနာတော်ဆိုင်ရာ နိကာယ်စာမေးပွဲများကို တိုက်ကျောင်းပါဠိ တက္ကသိုလ်ကျောင်းတိုက်တွင် ဇွန်လ ၇ ရက်နေ့မှစ၍ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကော့မှူး၌ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မိုးစပါးလက်‌တွေ့ စိုက်ပျိုးပြသ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မိုးစပါးလက်‌တွေ့ စိုက်ပျိုးပြသခြင်းကို ယနေ့နံနက် (၈) နာရီက မကျီးကန်ကျေးရွာ ကွင်းအမှတ် (၃၀၁)၊ ဦးပိုင်အမှတ် (၁၀/၁) ဧရိယာ (၈.၁၃) ရှိ တောင်သူ ဦးအေးကြိုင် ပိုင်လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်က (Seeder) စပါးမျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများဖြစ်သည့် တစ်ဧက မျိုးစေ့နှုန်းသက်သာခြင်း၊ လုပ်အားကုန်ကျစရိတ်သက်သာခြင်း၊ လုပ်ငန်းချိန် မြန်ဆန်ခြင်း၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ အချိန်နှင့်တပြေးညီ စိုက်ပျိုးနိုင်ခြင်း၊ ရိတ်သိမ်းရန် လွယ်ကူခြင်း၊ ဝင်ငွေတိုးတက်စေခြင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တောင်သူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။

ကော့မှူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများ၊ Book Club အသင်း၊ Women Club အသင်းအဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတက်ရောက်

မွန်ပြည်နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မန္တလေးရပ်ကွက် တရားလွှတ်တော်ဆိပ် (တရားလွှတ်တော်ရုံးအနီး)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဇာတ်တိုက်လေ့ကျင့်ခြင်းတွင်ပါဝင်သော ဌာနဆိုင်ရာတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်သည်။

ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို  ယနေ့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၃၁) ကြိမ်မြောက် နိကာယ် (ဝိဒူတန်း) စာမေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အကြိမ် (၃၁) မြောက် နိကာယ် (ဝိဒူတန်း) စာမေးပွဲကို ဇွန်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဆောင်ရွက်ကျင်းပသွား မည်ဖြစ်ပြီး အမှတ် (၆)ရပ် ကွက်၊ စိန်ပန်းပတ်လမ်းရှိ သမ္မသဗ္ဓုဒမြို့ဦးစေတီတော်အတွင်းရှိ မြို့နယ်သံဃနာယကာရုံး၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို မေလ ၂၀ ရက်နေ့မှ စတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အဆိုပါဘဏ်တွင် ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
Subscribe to