မြဝတီ ဇွန် ၁၄
ကရင်ပြည်နယ် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူငယ်လူရွယ်များ ဗလငါးတန်ပြည့်ဝစေရန် သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်ရှောင်ရန်အချက်များ၊ အသိပညာဗဟုသုတပြည့်ဝစေရန် စာပေဗဟုသုတများ လေ့လာဖတ်ရှုရမည့် နည်းလမ်းများ၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက ပတ်ဝန်းကျင်ထိန်းသိမ်းရမည့်နည်းလမ်းများ၊ သိရှိလိုက်နာရမည့်အချက်များ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန(ဂေဟာ) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်နွယ်ရီက လူကုန်ကူးမှုအန္တရာယ်ကင်းဝေးစေရန် သိရှိလိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များကို ဟောပြောသည်။
ဆက်လက်ပြီး ကျောင်းသား၊ကျောင်းသူများက ပြသထားသည့်အသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်စာစောင်များကို ကြည်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)