ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် အခမ်းအနား မြန်အောင်မြို့‌ မေတ္တာရှင်သွေးလှူအဖွဲ့က ကျင်းပ

၂၀၂၆ ခုနှစ် ဇွန်လ(၁၄)ရက် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် အခမ်းအနားကို မေတ္တာရှင်သွေးလှူအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်က မြန်အောင်ခရိုင်၊ မြန်အောင်မြို့‌ ဝေဠုဝန်ပရိယတ္တိ စာသင်တိုက်၌ ကျင်းပပြုလုပ်သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီ-ပြည် ရထားလမ်းတစ်လျှောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သာယာဝတီ-ပြည် ရထားလမ်းတစ်လျှောက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇွန် ၁၃ ရက် မွန်းလွဲပိုင်းက ပန်းတောင်းမြို့နယ်အတွင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

တွံတေးမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တမံကြီးကျေးရွာအုပ်စု၊တမံကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတော်ကြီးတွင် ကျေးလက်‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ယနေ့နံနက် (၁၀) နာရီအချိန်က‌ အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်တွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ်(၇) ရပ်ကွက် ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြားရှိ Times City, Jewellery Mall တွင် ယနေ့နံနက်ပိုင်းက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်ခြင်း ဆောင်ရွက်ခဲ့သည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် သနပ်ပင်မြို့နယ်ရှိ တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကလိုင်ရွာလယ် သံကူကွန်ကရစ် တံတား (၁၂၀ပေx၂၀ပေ) (ပထမပိုင်း) ဆောက်လုပ်မည့် နေရာအား အင်ဂျင်နီယာချုပ် ဦးထွန်းဝေက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ညွှန်ကြားခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်တွင် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုပေးအပ်ပွဲ အခမ်းအနားပြုလုပ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်သမအသင်းစုလီမိတက်၏ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနား ယမန်နေ့နေ့လယ်ပိုင်းက အင်္ဂပူမြို့နယ် သမဝါယမဦးစီးဌာရုံးအစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

သူနာပြုသားဖွား ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနား ကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသိပ္ပံနှင့် သူနာပြု သင်တန်းကျောင်းများ၏ သူနာပြုသားဖွား ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းဆင်းသစ်လွင်သူနာပြုများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကျောက်ဆည်ခရိုင်၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဥပဒေအရာရှိများအား အရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဥပဒေရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဥပဒေအရာရှိများနှင့် မြို့နယ်ဥပဒေအရာရှိများအား ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်ဥပဒေရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်ခရိုင် ဥပဒေအရာရှိ ဦးနန္ဒာအောင်နှင့် ခရိုင်အတွင်းရှိ ဒုတိယခရိုင် ဥပဒေအရာရှိများ၊ မြို့နယ်ဥပဒေအရာရှိများ တက်ရောက်ခဲ့သည်။

၂၀၂၆ ခုနှစ် မိုးရာသီ လူထုလုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးရေးပွဲတော်များ မြို့နယ်အလိုက်ကျင်းပ

သစ်တောသစ်ပင်များ၏တန်ဖိုးကို သိရှိနားလည်နိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် ဌာနဆိုင်ရာများ စုပေါင်းပြီး    ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ‌တော်ကို ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်  မြို့နယ်များအလိုက် ကျင်းပဆောင်ရွက်မှုများအား စုစည်းဖော်ပြအပ်ပါသည်။
Subscribe to