ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ သတင်းရေးသားနည်းသင်တန်းဖွင့်လှစ်

ညောင်လေးပင်  ဇွန်  ၁၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဇွန် ၁၃ ရက် နံနက်(၉)နာရီက သတင်းရေးသားနည်းသင်တန်း ကျင်းပသည်။

သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နီနီဝင်းက အမှာစကားပြောကြားပြီး သတင်းရေးသားနည်းသင်တန်းစာအုပ်ထဲမှ သတင်းတစ်ပုဒ်ရေးသားရာတွင် လိုအပ်သည့် သတင်းရေးသားပုံ၊ ရေးသားနည်း၊ သတင်းတစ်ပုဒ်ရေးသားရာ၌ လိုအပ်သည့် ဘ(၆)လုံးနှင့်သတင်း ကောင်းတစ်ပုဒ်ဖြစ်လာစေရန် ရှုထောင့်အမျိုးမျိုးမှကြည့်ရှုရေးသားရန်လိုအပ်ကြောင်း စသည့်သတင်းရေးသားနည်းများအား သင်ကြားပို့ချကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)