မန်ကန် ဇွန် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မန်ကန်မြို့၌ မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲကို ဇွန်(၁၂)ရက်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ဦးစွာ အ-ထ-က(မန်ကန်) ကျောင်းအုပ်ဆရာမကြီး ဒေါ်သဇင်ကျော်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မွန်မွန်စိုးက မူးယစ်ဆေးဝါး ပေါ်ပေါက်လာပုံ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ဆိုးကျိုးများအားရှင်းလင်းပြောကြားပြီး အသိပညာဗဟုသုတများသိရှိစေရန် အားလပ်ချိန်တွင် စာများများဖတ်ရှုလေ့လာသင့်ကြောင်း ဟောပြောသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများအား နံရံကပ်ဘုတ်များ၊ စာအုပ်စာစောင်များပြသခြင်းနှင့်စာအုပ်ငှားရမ်းပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရွှေမန်ကန်(ပြန်/ဆက်)