ပြည် ဇွန် ၁၄
ဒေသခံတောင်သူများအား ဘိုင်အိုချာ ဇီဝမီးသွေးမြေဩဇာထုတ်လုပ်နည်း လက်တွေ့သရုပ်ပြသခြင်း အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင်၊ ပြည်မြို့နယ်၊ဇီးအုပ်ကျေးရွာအုပ်စု၊ ဇီးအုပ်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ ပြည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် မြို့နယ်စိုက်ညှိကော်မတီအဖွဲ့ဝင်များက ဇီးအုပ်ကျေးရွာအုပ်စု၊ ဇီးအုပ်ကျေးရွာတွင် တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ဧကအားလုံး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်ကောင်းမျိုးကောင်းမျိုးသန့်များအသုံးပြုစိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာ အချိန်ကိုက်အချိုးကျသုံးစွဲရေး၊ ပေါင်းမြက်ကင်းစင်ရေး၊ သဲဆန်ကုန်းကြောဧရိယာများတွင် ယာ-၁၄ စပါးမျိုး စိုက်ပျိုးဆောင်ရွက်ရေးနှင့် သီးနှံအထွက်နှုန်းမထိခိုက်စေသည့် စပါးခွံကိုအသုံးပြု၍ ဘိုင်အိုချာ ဇီဝမီးသွေးမြေသြဇာ ပြုလုပ်သုံးစွဲပုံ အဆင့်ဆင့်တို့ကို လက်တွေ့ပြသခဲ့ကြသည်။
ထို့နောက် ဘိုင်အိုချာဇီဝမီးသွေးမြေဩဇာ ပြုလုပ်သုံးစွဲခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူး များကို အသေးစိတ်ရှင်းလင်းဆွေးနွေး၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)