အောင်လံမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၁၀ အချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြခရိုင် Community Centre ခန်းမတွင် Book Club အဖွဲ့ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က Book Club အဖွဲ့ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြတွင် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆက်လက်ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ကျဌာနဆိုင်ရာများ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒ‌မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန်ရည်ရွယ်၍ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်းအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြသခြင်းကို ယနေ့ နံနက်( ၁၁ ) နာရီက အမှတ် ( ၉) ရပ်ကွက်၌ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုလှည့်လည်ကြည့်ရှု

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

သထုံမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ ဗုဒ္ဓဒေသနာတော်(ပဋ္ဌာန်းနှင့် ဓမ္မစကြာ)ရွတ်ဆိုပူဇော်မှု အကောင်းဆုံး ရွေးချယ်ပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ ဗုဒ္ဓဒေသနာတော်(ပဋ္ဌာန်းနှင့် ဓမ္မစကြာ) ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ရွှေစာရံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ သုဝဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ရန်ကုန်တိုင်းဒေသကြီး၌ ကျင်းပပြုလုပ်သည့် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) သို့ တက်ရောက်

အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာနှီးနှောဖလှယ်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)ခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ UMFCCI မှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့ချုပ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ အောက်မြန်မာပြည်ရှိ တိုင်းဒေသကြီး/ ပြည်နယ်များမှ ခုံသမာဓိအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း (၁၈၀) ဦးခန့် တက်ရောက်ကြသည်။

မြိတ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများ ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်တပ်ဖွဲ့လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာ၌ အဆင်ပြေချောမွေ့မှုရှိစေရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တပ်ဖွဲ့ဝင် တူညီဝတ်စုံ ပေးအပ်ခြင်းအခမ်းအနားကို မြိတ်ခရိုင် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ ည (၇) နာရီက ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းလှိုင်ငြိမ်း ခန္တီးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းလှိုင်ငြိမ်းနှင့် ခန္တီးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တွေ့ဆုံပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်လင်းသန်း၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ဝါးယားကုန်းကျေးရွာသို့ ကျေးလက်ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

မိုင်းခတ်မြို့နယ်၌ မိုးစပါးအောင်နိုင်တိုး (YSR-1) စံပြစိုက်ကွက် ရိတ်သိမ်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် စိုက်ပျိုးထားသော မိုးစပါးအောင်နိုင်တိုး (YSR-1) စံပြစိုက်ကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ဝမ်ခုတ်ကျေးရွာအုပ်စု၊ ပင်းကွေ့ကျေးရွာ၊ ကွင်းအမှတ် ၂၈၊ ကုန်းမွန်အနောက်ကွင်းရှိ တောင်သူဦးအိုက်ဆမ်၏ ဦးပိုင်အမှတ်(၈)၊ ဧရိယာ(၂.၃၄)ဧက၌ ဆောင်ရွက်သည်။
Subscribe to