ဒိုက်ဦးမြို့နယ်၌နည်းဥပဒေ ၇၅(ဍ)ပါ နောက်ဆုံးအဆင့် ထုပ်ပိုးသိမ်းဆည်းထားသောမဲပုံးများအား နံပါတ်ပါသည့်လုံခြုံရေးကြိုးများဖြင့် လုံခြုံစွာထုပ်ပိုးသိမ်းဆည်းနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ဒိုက်ဦး ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယမန်နေ့နေ့လယ်ပိုင်းက ဌာဆိုင်ရာများစုပေါင်း၍ မဲပုံးများလုံခြုံစွာထုပ်ပိုးသိမ်းဆည်းနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းနိုင်က သက်ဆိုင်ရာမြို့နယ်ရှိနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များရှေ့မှောက်တွင်၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၇၅ (ဍ)ပါ နောက်ဆုံးအဆင့်ထုပ်ပိုးသိမ်းဆည်းထားသော မဲပုံများအား နံပါတ်ပါသည့် လုံခြုံရေးကြိုးများဖြင့် လုံခြုံစွာထပ်မံချည်နှောင်၍ ထုပ်ပိုးသိမ်းဆည်းနိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးခဲ့ပြီး ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများကလည်း လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ကြရန်အတွက် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုးထက်ကျော်(ပြန်/ဆက်)