ကျွန်းစုမြို့နယ်၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအတွက် Placement Test (အထူးအစီအစဥ်) ကျင်းပမည်

ကျွန်းစု ဇွန် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနှင့် Placement Test (အထူးအစီအစဥ်)ကို သတ်မှတ်အစီအစဥ်အတိုင်း ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာဦးစီးဌာန၏ ထုတ်ပြန်ချက်အရ Grade-2 မှ Grade-5 အထိနှင့် Grade-6 မှ Grade- 9 အထိ ကျောင်းသား၊ ကျောင်းသူများအား Placement Test ဖြေဆိုစေမည်ဖြစ်ပြီး ဆန္ဒပြုအတန်းထက် တစ်ဆင့်နိမ့်အတန်းကို ဖြေဆိုပြီးအောင်မြင်ပါက ဆန္ဒပြုအတန်းသို့ တက်ရောက်နိုင်ပြီး ကျရှုံးပါက ဖြေဆိုသည့်အတန်းကို တက်ရောက်ရမည်ဖြစ်သည်။

Placement Test ဖြေဆိုမည့်လျှောက်လွှာများကို ၂၂-၅-၂၀၂၆ ရက်နေ့မှစ၍ မြို့နယ်ပညာရေးမှူးရုံးတွင် ပိတ်ရက်မရှိဆောင်ရွက်နေပြီး စာမေးပွဲမဖြေခင်အချိန်အထိ လျှောက်လွှာများလက်ခံ သွားမည်ဖြစ်ပြီး၊ Placement Test ဖြေဆိုမှုအား ၁၅-၆-၂၀၂၆ ရက်နေ့မှ ၂၀-၆-၂၀၂၆ ရက်နေ့အထိ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ကျင်းပသွားမည်ဖြစ်ရာ ကျွန်းစုမြို့နယ်တွင် လျှောက်လွှာလက်ခံသည့်နေ့မှ ယနေ့အထိ Placement Test ဖြေဆိုမည့်ဦးရေ (၅၁)ဦးထိ ရှိလာကြောင်းနှင့် စာမေးပွဲဖြေဆိုမည့်အခန်းများအား ပြင်ဆင်ဆောင်ရွက်ထားပြီးကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။

ကျွန်းစု (ပြန်/ဆက်)