ညောင်တုန်း ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပါလှဲ့-အထက်ကျေးရွာအုပ်စုတွင် ယမန်နေ့နံနက် ၁၁ နာရီက ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ပါလှဲ့အောက်စုအခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ကျောင်းဆောင် အမိုးလန်ပျက်စီးခဲ့သည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပါလှဲ့အောက်စုအခြေခံပညာအထက်တန်းကျောင်းရှိ အလျား ၁၂၀ပေ၊ အနံ ၃၀ပေရှိ ဘုရင့်နောင် စာသင်ကျောင်းဆောင်မှာ သွပ် ၈၂ချပ်၊ သစ်မျှားဒိုင် ၆၁ချောင်း၊ မျက်နှာချက် ၁၈ချပ် စုစုပေါင်းပျက်စီးမှု ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း(၁၅၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)