ကျွန်းလှမြို့နယ်၌ ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပမည်ဖြစ် ကြောင်း ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

မိုင်းဖြတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်အတွင်း၌ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်ဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဘန့်ပြင်ကျေးရွာအုပ်စု နောင်လင်ကျေးရွာ၌ နောင်တရားမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (ရှေ့တန်းရုံး)မှ ဝန်ထမ်းများက နိုင်ငံသားတိုင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။

သာပေါင်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးအတွက် မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေး အတွက် မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကျိုင်းတုံမြို့၌ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Bill Bord) ကြော်ငြာဆိုင်းဘုတ်စိုက်ထူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် ယနေ့တွင် ကျရောက်သည့် ဧကဒဿမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Bill Bord) ကြော်ငြာဆိုင်းဘုတ် စိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ လေယာဉ်ကွင်းလမ်း(ကျိုင်းတုံ-မိုင်းလားလမ်း) မြို့တော်ခန်းမရှေ့၌ တာဝန်ရှိသူများက စုပေါင်းစိုက်ထူခဲ့ကြသည်။

ကျွန်းလှမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီး ဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ဗလငါးတန် ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာ အထက်တန်း ကျောင်း (သစ်ရာမြိုင်) ၌ ကျင်းပအကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် အ.ထ.က(အောင်ဆန်း)ကျောင်းသို့ စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က(အောင်ဆန်း)ကျောင်းသို့ သွားရောက်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ မြို့နယ်/တိုက်နယ် ပြည်သူ့ဆေးရုံများအားလုံး၌ ဆေးကုသခံယူရပါက လူနာအမျိုးအစား(၅)မျိုးအား အခမဲ့ဆေးကုသပေးမည်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ မြို့နယ်/တိုက်နယ် ပြည်သူ့ဆေးရုံများအားလုံး၌ ဆေးကုသခဲယူရပါက လူနာအမျိုးအစား(၅)မျိုးအား အခမဲ့ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် စားသုံးဆီ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ပြည်သူများ စားအုန်းဆီ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရန် ယမန်နေ့ နံနက် ၇ နာရီက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ်တွင် ဒေသခံပြည်သူများအား စားသုံးဆီများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက ယနေ့ နံနက်(၇)နာရီအချိန်က မြို့မစျေးအရှေ့တွင်  ရောင်းချပေးခဲ့သည်။
Subscribe to