ပေါင်းတည် ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအေးချမ်းစွာ ဖွင့်လှစ်ပညာသင်ကြားနေမှုနှင့် ကျောင်းတွင်းသစ်ပင်စိုက်ပွဲအား ကြည့်ရှုအားပေးသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌသည် အခြေခံပညာအထက်တန်းကျောင်း(မင်းကွက်) သစ်ပင်စိုက်ပွဲသို့တက်ရောက်ကာ မြို့နယ်ပညာရေးမှူးဒေါ်နော်ဆဲပွယ်ဖောအား သစ်မျိုးစုံပျိုးပင်များပေးအပ်သည်။ ယင်းနောက် ကျောင်းအုပ်ဆရာကြီးဦးကျော်ရွှေနှင့် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများနှင့်အတူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် အပူဒဏ်ကာကွယ်ရေးတို့အတွက် သစ်ပင်များစိုက်ပျိုးကြသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ပေါင်းတည်မြို့နယ်အတွင်း ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၁၆၇ ကျောင်းဖွင့်လှစ်ပြီး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၁၅၁၃၃ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ရွှေသား( ပြန်/ဆက်)