မောက်မယ်မြို့နယ်အတွင်း တရားမဝင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပျောက် ဆုံးမှုလျှော့ချနိုင်ရေးနှင့် တရားမဝင်လျှပ်စစ်ဓာတ်အားသုံးစွဲမှုမရှိစေရေး ဆောင်ရွက်လျက်ရှိရာ ယမန် နေ့နံနက် ၁၀ နာရီမှ စတင်ပြီး လင်းခေးခရိုင်ခွဲရုံမှူး ဦးကျော်မိုးအောင်နှင့် မြို့နယ်လျှပ်စစ်မှူး ဦးကျော်ဇင်ဝင်းတို့က ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ရပ်ကွက်များသို့ကွင်းဆင်းဆောင်ရွက်ခဲ့သည်။