စေတုတ္တရာမြို့နယ်၌ ရောဂါပိုးမွှားများဖြစ်ပွားခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးများ ဖြန့်ဝေဆောင်ရွက်

စေတုတ္တရာ ဇွန် ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း အမှတ်(၁)ရပ်ကွက် ပြည်သူများသို့ မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများနှင့် ရောဂါမျိုးသယ်ဆောင်သောပိုးမွှားကောင်များမှတဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နှင်းရေးငှက်ဖျားတိုက်ဖျက်​​ရေးအဖွဲ့တို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးနှင်ပိုးမွှားများအန္တရာယ်မှကာကွယ်ရန် အဘိတ် (Abate) ဆေးများဖြန့်ဝေခြင်းကို အမှတ်(၁)ရပ်ကွက် မြို့လယ်ဓမ္မာရုံ၌ ယနေ့နံနက်(၉)နာရီအချိန်က ဖြန့်ဝေပေးသည်။

ထိုသို့ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်Abateဆေးများအား အမှတ်(၁)ရပ်ကွက်နေပြည်သူများသို့ ဖြန့်ဝေပေးရာတွင် မြို့နယ်ရှိ ရောဂါမျိုးသယ်ဆောင်သောပိုးမွှားကောင်များမှတဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နှင်းရေးငှက်ဖျားအဖွဲ့မှ ဆေးဝါးကျွမ်းကျင်(၃) ဦးဉာဏ်ထွန်းဦးနှင့်ဝန်ထမ်းများနှင့် မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများဦးဆောင်၍ အဘိတ်(Abate)ဆေးများ ဖြန့်ဝေးရာ၌ အိမ်ရှိဆေးခတ်မည့် ရေကန်အနေအထား၊ ပေအကျယ်အဝန်း၊ လူရှိဦးရေ၊ အဘိတ်ဆေးခတ်ပုံခတ်နည်း၊ အဘိတ်ဆေးခတ်ရမည်ပမာဏတို့ကို ရှင်းလင်းပြောကြား၍ အမှတ်(၁)ရပ်ကွက်နေပြည်သူများထံ ဖြန့်ဝေပေးသည်။

အဆိုပါ အဘိတ်ဆေး (Abate) ဆေးဖြန့်ဝေရာ၌ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ ပူးပေါင်းပါဝင်ဆောင်ရွက်၍ စေတုတ္တရာမြို့နယ် ရပ်ကွက်/ကျေးရွာများအတွင်း ရေထည့်သုံးရာရေပုံးများ၊ စည်ပိုင်းများ၊ ရေကန်များ၊ ရေစည်ပိုင်းများတွင် ပိုးလောက်လန်းများမှတဆင့် ရောဂါပိုးမွှားများအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်၊ ခြင်များပေါက်ပွားနိုင်ပြီး ခြင်မှတစ်ဆင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးများ ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)