တောင်တွင်းကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်

တောင်တွင်းကြီး ဇွန် ၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ တောင်တွင်းကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်ပြိုင်ပွဲများ ပြုလုပ်ကျင်းပသွားမည်ဖြစ်ရာ ဇွန်လ ၁၃ရက်နေ့တွင် စာစီစာကုံးပြိုင်ပွဲ​၊ ဇွန်လ ၁၄ ရက်တွင် ပန်းချီပြိုင်ပွဲ၊ ဇွန်လ ၁၇ ရက်နေ့တွင် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ၁၈ရက်နေ့တွင် ကျပန်းစကားပြောပြိုင်ပွဲ၊ ၁၉ရက်နေ့တွင် ညဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဇွန်လ ၂၅ရက်နေ့တွင် မြို့နယ်အဆင့်ပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများကို အခမ်းအနားဖြင့် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းကို ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မိုင်စန်းသီတာဌေးထံမှ သိရသည်။

ရန်နောင်စိုး (ပြန်/ဆက်)