မဘိမ်းမြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ အသက်(၉)နှစ်မှ(၁၂)နှစ်ထိ မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် ဧရာထွန်းလမ်းမကြီးပေါ်ရှိ သစ်ပင်ကြီးလဲပြိုကျမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်၊ ဧရာတွန်(၁)(ဆ) ရပ်ကွက်၊ ဧရာထွန်းလမ်းမကြီးပေါ်ရှိ ဖျောက်ဆိပ်ပင်ကြီးသည် ယမန်နေ့ည ၁၀ နာရီအချိန်က လဲပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း  သိရသည်။

မီး‌သွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်းတာကွင်းကျေးရွာတွင် သစ်ပင်လဲကျပြီး နေအိမ်ပြိုကျမှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်းတာကွင်း ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ရေဝင်ရောက်သဖြင့် မြေအိပြီး လုံးပတ်(၆)ပေ၊ အမြင့်(၅၀)ပေခန့်ရှိ သစ်ပင်လဲကျမှုကြောင့် နေအိမ်တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့သည်။

မဘိမ်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကလိန်အောင်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များကို ကွင်းဆင်း၍ ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန် မြင့်မား‌စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိ‌ရေး၊ စာပေမှရရှိသော ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်ချက်ဖြင့် စာပေ ဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူဖတ်ရှုနိုင်စေရန်အတွက် အခြေခံပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီ အချိန်က သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် ကျောင်းသားလူငယ်များ လူတော်လူကောင်းများပေါ်ထွန်းရေး လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့က မုဒွန်း (အ.ထ.က) ကျောင်းပညာကြယ်စင်ခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

မချမ်းဘောမြို့နယ်၌ ၂၀၂၃ခု နှစ်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်း မိုးရာသီဘောလုံး အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ၂၀၂၃ ခုနှစ် မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက အထက (မချမ်းဘော) ဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန် ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မမြို့ဖများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်သည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက် ၁၁ နာရီက ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကီမိုခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။

နမ္မတူမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း ၂၅ ကျောင်းသို့ ငွေကျပ် ၈၇ သန်းကျော်တန်ဖိုးရှိ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဝင်းမြင့်မိုရ်စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်မှ မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း ၂၅ ကျောင်းသို့ ငွေကျပ် ၈၇ သန်းကျော်တန်ဖိုးရှိ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဇေယျာသီရိမြို့နယ်လုံးဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြိုနယ်လုံးဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်စံအောင်ရပ်ကွက် ရတနာစံဘုန်းတော်ကြီးကျောင်း ရတနာဘိမတဓမ္မဗိမာန်တော်၌ ကျင်းပခဲ့သည်။
Subscribe to