ရွှေတောင်မြို့နယ်တွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းစာကြည့်တိုက် ဖွင့်လှစ်လည်ပတ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်ကျေးရွာအုပ်စု၊ ဝါးလည်ကျေးရွာရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်းစာကြည့်တိုက် ဖွင့်လှစ်လည်ပတ်နေမှု အခြေအနေများအား ယမန်နေ့ နေ့လယ်ပိုင်းက ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။