ကလိန်အောင်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များကို ကွင်းဆင်း၍ ငှားရမ်းပေး
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန် မြင့်မားစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိရေး၊ စာပေမှရရှိသော ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်ချက်ဖြင့် စာပေ ဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူဖတ်ရှုနိုင်စေရန်အတွက် အခြေခံပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီ အချိန်က သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။