မိုင်းစံ ဇွန် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီ အချိန်က မိုင်းစံမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာတွင် မိုင်းရှူးမြို့နယ် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက အသက် (၂) နှစ်အောက် ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းတာ ပေးခြင်း၊ ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ) ပိုလီယို၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် စသည့် ပုံမှန်ကာကွယ်ဆေးများကို စနစ်တကျ တိုက်ကျွေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုင်းစံ (ပြန်/ဆက်)