ရေနံချောင်းတက္ကသိုလ်၌ ဘာသာရပ်အလိုက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ဘာသာရပ်အလိုက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပသည်။

မြစ်သားမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာ စာဖတ်ပရိသတ်များ လက်ဝယ်အရောက် Mobile Library စနစ်ဖြင့် သွားရောက်ငှားရမ်းပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ စာပေဖတ်ရှုမှုမှရရှိသည့် ဗဟုသုတများ တိုးပွားစေရန် စာအုပ်စာစောင်များကို Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးနှင့် မီးသတ်ဦးစီးဌာနရုံးများရှိ ဝန်ထမ်းများအား စာအုပ်စာစောင်များကို (အခမဲ့) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အတွင်းရှိ ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများ၏ ကျောင်းနေအရွယ် သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်

မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးက တိုင်း၊ ခရိုင်၊ မြို့နယ်အတွင်းရှိ ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများ၏ ကျောင်းနေအရွယ် သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါရုံးရှိ ပါမောက္ခဦးလှအောင်ခန်းမ၌ ကျင်းပသည်။

ကလောမြို့နယ် အထူးကုဆရာဝန်ကြီးများမှ ဘော်ဆိုင်းဒေသခံပြည်သူများအား ဆေးကုသမှုဆောင်ရွက်ပေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကလောမြို့နယ်အထူးကုဆရာဝန်ကြီးများက ဘော်ဆိုင်းဒေသခံ ပြည်သူများအား ဇွန်လ (၄) ရက် နံနက် (၈) နာရီက ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသစမ်းသပ် ပေးနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ဆေးလာရောက်ကုသနေသော ဒေသခံပြည်သူများကို ကြည့်ရှုအားပေးစကား ပြောကြားခဲ့ပြီး ဘော်ဆိုင်းပြည်သူ့ဆေးရုံအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ထောက်ပံ့ငွေပေးအပ်ရာ ဘော်ဆိုင်းပြည်သူ့ဆေးရုံ ဆရာဝန်ကြီးနှင့် ဆရာမများမှ လက်ခံရယူကြ သည်။

ကျောက်တံခါးမြို့တွင် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက် (၉)နာရီက စည်ပင်သာယာမြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။

ရွှေဘိုခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး​၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Women Club) အဖွဲ့ဝင်များ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆရာကြီး ဗန်းမော်တင်အောင်၏ လူတန်းစားဘဝခံယူချက်နှင့် ဘဝအသိအမြင်များကို တိကျပြတ်သားစွာ ရေးဖွဲ့ထားသော “အညတြ”စာအုပ်ဖြင့် ယ​နေ့နံနက်ပိုင်းက စာဖတ်ဝိုင်း​ဆောင်ရွက်ခဲ့သည်။

ကန့်ဘလူမြို့၌ Video Editing သင်တန်း ဖွင့်လှစ်

ယနေ့ခေတ် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူငယ်လူရွယ်များ နည်းပညာပိုင်းနှင့် သက်ဆိုင်သည့် အတွေးအခေါ်များ မြင့်မားတိုးတက်လာစေရန် ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် Video Editing သင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ တိုင်းရင်းသားလုပ်သား ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရေး အရှိန် အဟုန်မြှင့်တင်၍ ယခုမိုးဦးကာလတွင်ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ၊ ဝမ်းကိုက် ဝမ်းလျှောရောဂါများ ကြိုတင်ကာကွယ်နှိမ်နှင်းရေး၊ ပိုးလောက်လန်းမှအစ ခြင်ပေါက်ဖွားမှုမရှိစေ ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက် ၇ နာရီမှစ၍ ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to