မိတ္ထီလာ ဇွန် ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်နှင့် မိတ္ထီလာမြို့နယ်တို့မှ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေး Billboard စိုက်ထူးခြင်း အခမ်းအနားကို ဇွန်လ (၆) ရက်နေ့ နံနက် (၈) နာရီအချိန်က နန်းတော်ကုန်းရပ်ကွက် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်း အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအနီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေး Billboard စိုက်ထူးခြင်း အအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး အေးမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် တာဝန်ရှိသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းဇော်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညားပေး နံရံကပ်စာစောင်များအား ပေးအပ်ခဲ့သည်။ ၎င်းနောက် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေး Billboard အား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းထွန်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေး Billboard အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် တာဝန်ရှိသူများက အမွှေးနံ့သာများဖြင့် ပက်ဖျန်းခဲ့ကြသည်။ ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူးနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မိတ္ထီလာမြို့နယ်ရုံးမှ ဝန်ထမ်းက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေး Billboard ကို နန်းတော်ကုန်းရပ်ကွက် မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအနီးတွင် စိုက်ထူးထားသည့်အပြင် အောင်ဇေယျာရပ်ကွက် ရန်ကုန်-မိတ္ထီလာကားလမ်း ယာဉ်ရပ်နားစခန်းအနီးတွင်လည်း စိုက်ထူးထားရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(ပြန်/ဆက်)