စမ်းချောင်းမြို့နယ်တွင် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက်၊ မဟာမြိုင်လမ်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စံပယ်ခန်းမ၌ စက်တင်ဘာလ ၁၂ ရက်နေ့၊နံနက်(၉)နာရီက မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ စွန့်ပစ်အမှိုက်များစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။