ပင်းတယမြို့နယ်၌ "သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း" အမှတ်စဉ် (၁/၂၀၂၄-၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဒေသတွင်းထွက်ရှိသော သီးနှံများကို အခြေခံပြီး တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ ထွက်ပေါ်လာစေရေး၊ One Village One Product ထုတ်ကုန်အသစ်များ ပေါ်ထွက်လာစေရေး၊ ပြည်သူများအနေဖြင့် မိမိတို့ဒေသထွက်အသီးအနှံများအား တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေတိုးပွားလာစေရေးနှင့် ကျေးလက် ဆင်းရဲမှုလျှော့ချရေးစသည့်ရည်ရွယ်ချက်များဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျုံးကျေးရွာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊‌ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ "သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း" အမှတ်စဉ် (၁/၂၀၂၄-၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံမြို့တွင် ကိုဗစ်(၁၉)ရောဂါ စစ်ဆေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က ဆေးရုံတက်ရောက် ကုသလျက်ရှိသည့် လူနာများအား စောင့်ရှောက်လျက်ရှိသည့် လူနာစောင့် (၁၆)ဦးအား ကိုဗစ်ရောဂါ စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျှက်ရှိရာ အားလုံး ကိုဗစ်(၁၉)ရောဂါလက္ခဏာများမရှိကြောင်း အဖြေကောင်းမွန်လျက်ရှိကြောင်း သိရသည်။

အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၃ /၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ထောက်ပံ့မှု၊ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏အနီးကပ်ကြီးကြပ်မှုဖြင့် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၃/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

စဉ့်ကိုင်မြို့နယ်၌ အစိုးရနိကာယ်စာမေးပွဲ (မဟာဝိဒူတန်း) စာမေးပွဲ စတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ အစိုးရနိကာယ်စာမေးပွဲ (ဝိဒူတန်း) (ပထမနေ့)ဖြေဆိုခြင်းကို တရုတ်စုရပ်ကွက်၊ တိုက်ကျောင်း(ပရိယတ္တိ)စာသင်တိုက် ကျောင်းဝန်းအတွင်းရှိ ‌ရွှေကံကူဓမ္မာရုံနှင့် သဇင်ညွှန့်ဓမ္မာရုံတို့တွင် ယမန်နေ့မွန်းတည့်(၁၂)နာရီမှ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

စကုမြို့ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၇၀ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (စကု)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၇၀ ဦး  အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ကာ ယနေ့နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် အိုးထိန်းတောင်ဘုန်း‌ကြီး‌ကျောင်းဝန်း မြေကွက်လပ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပသည်။

စဉ့်ကိုင်မြို့နယ် အ.ထ.က (စွန်ရဲ) ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေစေရေး၊ ကျောင်းဥပတိရုပ် ပိုမိုကောင်းမွန်လာစေရန်အတွက် အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများ၌ ကျောင်းအတွင်း/အပြင် သန့်ရှင်းသာယာ လှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၈ ရက်‌နေ့နံနက် (၇)နာရီအချိန်က စွန်ရဲ‌‌ကျေးရွာအုပ်စု စွန်ရဲ(မြောက်)ကျေးရွာရှိ အ.ထ.က (စွန်ရဲ)ကျောင်း၌ ကျောက်ဆည်ခရိုင် တပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းထွေး ဦးဆောင်သည့် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည် ရဲမေများ၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌ဗိုလ်‌အောင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၀င်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ပြည်သူ/သားများ ပူးပေါင်း၍ စုပေါင်းသန့် ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်းရုံးရေးကော်မတီနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုဝင်ကလေးများ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၆ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်မည်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၆ ရွာတွင် ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်အတွင်း၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စီမံကိန်းကဏ္ဍများအလိုက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to