ပြည်မြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
ပြည်ခရိုင်သစ်တောဦးစီးဌာနမှကြီးမှူး၍ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက ပြည်မြို့ ခေတ္တရာမွေးမြူရေးဇုန်အနီး တုံးရေသစ်တောကြိုးဝိုင်း အကွက်အမှတ်(၁၆)၌ကျင်းပရာ ရှေးဦးစွာဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုးဦးဟန်နှင့်ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်တို့က တာဝန်ရှိသူများထံ ပျိုးပင်များ စိုက်ပျိုးရန်ပေးအပ်သည်။