မရမ်းကုန်း ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၃) ရပ်ကွက်ရှိ တော်ဝင်နဝရတ် ကိုယ်ပိုင်အထက် တန်းကျောင်းတွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ဖွင့်လှစ်သင်ကြားခဲ့သော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၁-၂-၃ /၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက အဆိုပါကျောင်းခန်းမများ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မရမ်းကုန်းခရိုင်ကြက်ခြေနီဥက္ကဋ္ဌ ဦးတင်ကြိုင်က သင်တန်းဆင်း အမှာစကား ပြောကြားကာ သင်တန်းဆိုင်ရာ အချက်အလက်များအား ခရိုင်တပ်ဖွဲ့မှုး (တာဝန်) ဦးမောင်မောင်မြင့်က ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍ တာဝန်ရှိသူများက ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး တော်ဝင်နဝရတ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးနှင့် သင်တန်းသူတစ်ဦးကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မရမ်းကုန်းခရိုင် ကြက်ခြေနီဥက္ကဋ္ဌ ဦးတင်ကြိုင်နှင့် ခရိုင်ကြီးကြပ်မှုကော်မတီဝင်များ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ ခရိုင်တပ်ဖွဲ့မှုး (တာဝန်) ဦးမောင်မောင်မြင့်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အသင်းခွဲဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အသင်းအမှုဆောင်များ၊ သင်တန်းသား (၈၁) ဦး ၊သင်တန်းသူ (၉၂) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ယဉ်မော် (ပြန်/ဆက်)