ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေစင်မင်းသီလရှင်ကျောင်းတိုက် (အမျိုးသမီးပရဟိတပညာရေးကျောင်း) တို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေစင်မင်းသီလရှင်ကျောင်းတိုက် (အမျိုးသမီးပရဟိတပညာရေးကျောင်း) တို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရွှေစင်မင်းသီလရှင်ကျောင်းတိုက် (အမျိုးသမီးပရဟိတပညာရေးကျောင်း) ၌ ကျင်းပသည်။