ဝါးခယ်မ ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးပြည်သူ့ဆေးရုံကြီးတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြောင်းမြမြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲအချိန်မှစ၍ အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ သီရိဟေမာရပ်ကွက်၊ ဆေးရုံလမ်းရှိ ကျုံမငေးပြည်သူ့ဆေးရုံ (၁၆-ခုတင်)တွင် မြောင်းမြမြို့ပြည့်သူ့ဆေးရုံ (ခုတင်-၂၀၀)မှ ဆေးရုံအုပ်ကြီး ဒေါက်တာ ထွန်းထွန်းဝင်းအပါအဝင် အထူးကုသမားတော် (၁၁)ဦး၊ သူနာပြု (၁၁)ဦး၊ အကူသူနာပြု (၄)ဦး၊ အထွေထွေ (၁၁)ဦး၊ စုစုပေါင်း (၃၇)ဦးတို့က ဆေးရုံတက် လူနာ (၄၂)ဦး၊ ပြင်ပလူနာ (၇၁၁)ဦး၊ စုစုပေါင်း (၇၅၃)ဦး (ခွဲစိတ်-၆၇ ဦး၊ အရိုး-၁၇၈ ဦး၊ သားဖွား-၃၃ ဦး၊ ကလေး-၄၆ ဦး၊ မျက်စိ-၁၇၃ ဦး၊ နား/နှာခေါင်း/ဦးခေါင်း/လည်ချောင်း-၅၂ ဦး၊ သွား-၄၆ ဦး၊ အရေပြား-၄၁ ဦး၊ အထွေထွေ-၁၁၇ ဦး)တို့အား အခမဲ့ဆေးကုသပေးခဲ့ရာ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် လူမှုရေးအသင်းအဖွဲ့တို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဆေးလာရောက်ကုသုမှုခံယူသည့် လူနာများအား နေ့လယ်စာကျွေးမွေးခြင်းနှင့် ကျုံမငေးပြည်သူ့ဆေးရုံတွင် ဒေါက်တာညီအောင်အပါအဝင် ဆရာဝန် (၁)ဦး၊ သူနာပြု (၅)ဦး၊ အထွေထွေ (၃)ဦး၊ စုစုပေါင်း(၉)ဦး တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)
 
    