နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသီးနှံအပြည့်အဝ စိုက်ပျိုးနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသီးနှံအပြည့်အဝစိုက်ပျိုးနိုင်ရေး အကြိုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေး ခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေစင်မင်းသီလရှင်ကျောင်းတိုက် (အမျိုးသမီးပရဟိတပညာရေးကျောင်း) တို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေစင်မင်းသီလရှင်ကျောင်းတိုက် (အမျိုးသမီးပရဟိတပညာရေးကျောင်း) တို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရွှေစင်မင်းသီလရှင်ကျောင်းတိုက် (အမျိုးသမီးပရဟိတပညာရေးကျောင်း) ၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီမှကျင်းပသော ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုအားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ သစ်တောဖုံးလွှမ်းမှုကောင်းမွန်းစေရေး၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရေး၊ ရေဝေရေလဲဧရိယာများတွင် သစ်တောဖုံးလွှမ်းပြီး ရေစီးရေလာကောင်းမွန်စေရေးနှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တတ်ကြွစွာပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်၍ နေပြည်တော်ကောင်စီမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ဖိုးဇောင်းတောင် တောင်ညိုကြိုးဝိုင်း အကွက်အမှတ် (၆၀)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

မှော်ဘီမြို့နယ်၌ ရှေ့တန်းပြန်ကြိုဆိုပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ အမှတ်(၇၀၅) ခြေလျှင်တပ်ရင်းမှ တပ်မတော်အရာရှိ စစ်သည်ရှေ့တန်းပြန်များအား ကြိုဆိုပွဲကို ယမန်နေ့ နံနက်(၁၁) နာရီခွဲတွင် ကြိုဆိုခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အများပြည်သူများ အသွားအလာများပြီး လူစည်ကားရာနေရာဖြစ်သည့် မြစ်သားမြို့နယ် ဘူတာရပ်ကွက် မြင်းခြံ-ရေဝန်းကားလမ်း မြို့အဝင်ဆိုင်ဘုတ် သံလမ်းဆုံအနီးနေရာ၌ ယမန်နေ့ နံနက်(၉)နာရီအချိန်မှ စတင်၍ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့” မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၌ မွေးကင်းစကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ မွေးကင်းစကလေးငယ်များကို ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများက ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေး

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများ၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရန် လူတိုင်းသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် သက်ဆိုင်ရာပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံကာ လိုအပ်သော ရောဂါရှာဖွေစမ်းသပ်မှုများနှင့် ကုသမှုများကို မိမိတို့ဒေသ၌ လက်လှမ်းမီရရှိခြင်းဖြင့် ကျန်းမာသက်ရှည်စွာနေထိုင်နိုင်စေရေး လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများသည် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဒေသခံပြည်သူများအား ဆေးကုသမှုများဆောင် ရွက်ပေးခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပလနကျေးရွာအုပ်စုအတွင်း တောင်သူများအား မျိုးသန့်ပွားများရေး နည်းပညာပေးဆွေးနွေးပွဲနှင့် ပြည်နယ်ဥပဒေချုပ်ရုံး ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်

ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် အထွက်တိုးမျိုးစပါးများ ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇွန် ၉ ရက် နံနက် ၉ နာရီက ပလန(၂) ကံ့ကော်မြိုင်ကျေးရွာ၊ ကွင်းအမှတ်(၄၅) ကံ့ကော်မြိုင်ကွင်း၌ မိုးစပါးစိုက်ပျိုးချိန် တောင်သူများအား မျိုးသန့်ပွားများရေး နည်းပညာပေးဆွေးနွေးပွဲနှင့် စုပေါင်းထွန်ယက်ပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့ကြသည်။

ကချင်ပြည်နယ်၊ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ကျောင်းဝင်းအတွင်း ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးစေရေး၊ မိုးခေါင်ရေရှားမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည်ပြီး သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်၍ ကချင်ပြည်နယ်သစ်တောဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်သည်။

ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကြောင်းကြီး( ၅ ) ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အုပ်ချုပ်ရေး၊ နိုင်ငံရေး ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမူရေးနှင့် စည်းရုံးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အရိုးဒါးကျေးရွာ၊ ကျောက်တန်းကျေးရွာနှင့် ရေတွင်းကုန်းအုပ်ကျေးရွာ အသင်းတော်ခန်းမတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြသည်။
Subscribe to