(Biometric) အချက်အလက်ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့် လာရောက်ကြည့်ရှူစစ်ဆေး
ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်၊ ၆၂လမ်း၊ ၁၀၅×၁၀၆ လမ်းကြားရှိ သူနာပြုတက္ကသိုလ် (မန္တလေး)တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်းနှင့်ဝန်ထမ်းများက Biometric Enrollment And UID Management System အသုံးပြု၍ အချက်အလက်ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။