ရမည်းသင်းမြို့နယ်၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ဝါတိုးရပ်ကွက်အခြေခံပညာအလယ်တန်းကျောင်း၌ "လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲ" ကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

မြေပုံမြို့နယ်၌ စူပါအီးအမ်ဘိုကာရှီ ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ စူပါအီးအမ်ဘိုကာရှီ ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကို ကံသာထွက်ဝရပ်ကွက်၊ မြို့မကွင်းရှိ၊ နည်းပညာပြန့်ပွားရေးစံတာ (KC) ၌ပြုလုပ်သည်။

မတ္တရာမြို့နယ်၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်တွင် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်နှင့် စာစီစာကုံးပြိုင်ပွဲများကို စက်တင်ဘာလ ၁၃ ရက်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

စဉ့်ကူးမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ ခင်းကျင်းပြသ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၁၁) နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community    Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက် လာသည့်နေရပ်ပြန်များအား နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား( ၇၉)ဦး ၊ အမျိုးသမီး(၃၂)ဦး ၊စုစုပေါင်း (၁၁၁)ဦးအား ယနေ့မွန်းတည့်ပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့မှ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ကျောင်းသား/ကျောင်းသူလေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး အတွက်လူငယ်စားဝိုင်းကျင်းပ

“ယနေ့လူငယ်၊နောင်ဝယ်လူကြီး” ဆိုသည့်စကားအတိုင်း နိုင်ငံ၏အနာဂတ်ခေါင်းဆောင်များ ဖြစ်ကြမည့် ကျောင်းသား /ကျောင်းသူလေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁ နာရီအချိန်က ပြည်ကြီးမဏ္ဍိုင်မြို့ရှိအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ်၌ စားသုံးဆီအရောင်းဆိုင်များအား သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချမှုရှိစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ပြည်သူများ စားသုံးဆီများ ဝယ်ယူသုံးစွဲရာတွင် အဆင်ပြေစေရန်နှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ဈေးများနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသုံးဆီအရောင်းဆိုင်များနှင့် ကုန်စုံဆိုင်များသို့ သွားရောက်၍ ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျောက်ဖြူခရိုင်၌ Census Unit ဖွဲ့စည်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာ‌နမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး GIS နည်းပညာအသုံးပြုကာ မြို့ပေါ်ရပ်ကွက်များအား Census Unit ဖွဲ့စည်းခြင်းလုပ်ငန်းကို စက်တင်ဘာလ ဒုတိယအပတ်မှစ၍ ခရိုင်အတွင်းရှိ သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ကရင်ပြည်နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေး

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ သင်ကြားမှု အထောက်အကူဖြစ်စေခြင်းနှင့် လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ကရင်ပြည်နယ် ၂၀၂၄ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပသည်။

ကရသူရိမြို့၌ ကျောင်းသား/ သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊   ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to