ရွှေသောင်ယံ ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က ဆေးရုံတက်ရောက် ကုသလျက်ရှိသည့် လူနာများအား စောင့်ရှောက်လျက်ရှိသည့် လူနာစောင့် (၁၆)ဦးအား ကိုဗစ်ရောဂါ စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ အားလုံး ကိုဗစ်(၁၉)ရောဂါလက္ခဏာများမရှိကြောင်း အဖြေကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်ရောဂါစစ်ဆေး ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့၊ ပြည်သူ့ဆေးရုံဆရာဝန်နှင့်အတူ ရွှေသောင်ယံမြို့ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဆရာမများမှ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)