အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၃ /၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ကသာ ဇွန် ၈

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ထောက်ပံ့မှု၊ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏အနီးကပ်ကြီးကြပ်မှုဖြင့် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၃/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စောကလျာက ကွန်ပျူတာသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ လူငယ် လူရွယ်များအတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ပြီး ကွန်ပျူတာပညာရပ်များကို အကျွမ်းတဝင်ဖြစ်စေကြောင်း၊ သင်တန်းများစဉ်ဆက်မပြတ် ဖွင့်လှစ်ပေးနေသည့်အတွက် အခြားသောလူငယ်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း တက်ရောက်နိုင်စေရန် စည်းရုံးသင့်ကြောင်းတို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်သည့်ဂုဏ်ပြုငွေအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက သင်တန်းနည်းပြ ဆရာ ဦးသျှားညိုအား ချီးမြှင့်ပေးအပ်ပြီး သင်တန်းဆင်းလက်မှတ်များကို လက်ထောက် ညွှန်ကြားရေးမှူးက ပေးအပ်ခဲ့သည်။

ထို့နောက်ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၃/၂၀၂၄)မှ သင်တန်းသားများက သင်တန်းကာလအတွင်း လေ့လာသင်ယူခဲ့ရသည့်အတွေ့အကြုံများကို အသီးသီး ပြောကြားခဲ့ကြပြီး သင်တန်းဆင်းပွဲသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများ၊ သင်းတန်းသား/ သင်တန်းသူများနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ရဲလင်းထွန်း