စဉ့်ကိုင်မြို့နယ်၌ အစိုးရနိကာယ်စာမေးပွဲ (မဟာဝိဒူတန်း) စာမေးပွဲ စတင်ဖြေဆို

စဉ့်ကိုင် ဇွန် ၈

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌  အစိုးရနိကာယ်စာမေးပွဲ (ဝိဒူတန်း) (ပထမနေ့)ဖြေဆိုခြင်းကို တရုတ်စုရပ်ကွက်၊ တိုက်ကျောင်း(ပရိယတ္တိ)စာသင်တိုက် ကျောင်းဝန်းအတွင်းရှိ ‌ရွှေကံကူဓမ္မာရုံနှင့် သဇင်ညွှန့်ဓမ္မာရုံတို့တွင် ယမန်နေ့မွန်းတည့်(၁၂)နာရီမှ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

စာဖြေသံဃာ/သီလရှင်များသည် ပါရာဇိကပါဠိဘာသာရပ်၊ သီလက္ခန္ဓဝဂ္ဂပါဠိဘာသာရပ် မူလပဏ္ဏာ သပါဠိ ဘာသာရပ်၊ သဂါထာဝဂ္ဂ၊ နိဒါနဝဂ္ဂသံယုတ္တပါဠိဘာသာရပ်၊ ဧကကမှ စတုတ္ထနိပါတထိ ဘာသာရပ်၊ ဓမ္မသင်္ဂဏီပါဠိဘာသာစသည့် ဘာသာရပ်များကို ဖြေဆိုကြမည်ဖြစ်ပြီး စာမေးပွဲသို့ မြို့နယ်အတွင်းရှိ စာရင်းရှိ သံဃာ(၁၉၁)ပါး၊ ဖြေဆိုသံဃာ(၁၄၃)ပါးဖြစ်ပြီး ပျက်ကွက် သံဃာ(၄၈)ပါးဖြစ်ကြောင်းနှင့်စာရင်းရှိ သီလရှင်(၂၈)ပါး၊ ဖြေဆိုသီလရှင်(၂၁)ပါးဖြစ်ပြီး ပျက်ကွက်သီလရှင် (၇)ဖြစ်‌ကြောင်းသိရပြီး စာမေးပွဲကို ဇွန်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ (၅) ရက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

စာဖြေရဟန်း/သံဃာတော်၊ သီလရှင်များ စာမေးပွဲဖြေဆိုရာတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယဦးစီးမှူး ဦး‌ဇော်မင်းဆင့်နှင့် ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ၊ တပည့်ဒါယကာ၊ ဒါယိကာမများမှ ဆွမ်း၊ ခဲဖွယ်၊ ဆေး၊ အအေးများနှင့် နဝကမ္မဝတ္ထု‌‌ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

ကျော်စွာ (စဉ့်ကိုင်)