မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၆ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်မည်

မိတ္ထီလာ ဇွန်၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၆ ရွာတွင် ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်အတွင်း၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စီမံကိန်းကဏ္ဍများအလိုက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စီမံကိန်းကဏ္ဍများအလိုက်ဆောင်ရွက်ရာတွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း( SMART Village) ကို ညောင်မြင့်ကျေးရွာအုပ်စု ပျော်ကုန်ကျေးရွာတွင် လည်းကောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ဆပ်ပြာကျင်းကျေးရွာအုပ်စု ကန်ကြီးကုန်ကျေးရွာတွင်လည်း ကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကို မြင်းကန်ကျေးရွာအုပ်စု အိုင့်ကျေးရွာ၊ မြောက်လည်ကျေးရွာအုပ်စု ဂွေးကုန်းကျေးရွာ၊ ကုက္ကိုကုန်းကျေးရွာအုပ်စု တောင်းကောက်ကျေးရွာ၊ အိုင်ကြီးလည် ကျေးရွာအုပ်စု  အိုင်ကြီးလည်ကျေးရွာ၊ ကြွယ်ကန်ကျေးရွာအုပ်စု မကျီးကုန်းကျေးရွာ၊ တောမကျေးရွာအုပ်စု ဥယျဉ်ကျေးရွာ၊ ကန်တောင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ၊ ဆည်ကုန်းကျေးရွာအုပ်စု ငဆက္ကန်ကျေးရွာ၊ ကျောက်ဖူးကျေးရွာအုပ်စု ကန်ခြား(တောင်)ကျေးရွာ၊ ဝါးရုံကျေးရွာအုပ်စု အင်အုန်းကျေးရွာ၊ ဇရပ်ကုန်းကျေးရွာအုပ်စု ဂွေးချိုကျေးရွာ၊ သီးကုန်းကျေးရွာအုပ်စု သီးကုန်းကျေးရွာ၊ ရေဝေကျေးရွာအုပ်စု ရေဝေကျေးရွာနှင့် ကွက်ငယ်ကျေးရွာအုပ်စု ဇီးချိုကုန်းကျေးရွာတို့တွင်လည်းကောင်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း စီမံကိန်း  (RBF)  ကို ညောင်မြင့်ကျေးရွာအုပ်စု ပျော်ကုန်းကျေးရွာတို့တွင်လည်းကောင်း အသီးသီးအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းငြိမ်းဝင်းထံက သိရသည်။

ချမ်းသာ