ပင်းတယမြို့နယ်၌ "သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း" အမှတ်စဉ် (၁/၂၀၂၄-၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပင်းတယ ဇွန် ၉

ဒေသတွင်းထွက်ရှိသော သီးနှံများကို အခြေခံပြီး တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ ထွက်ပေါ်လာစေရေး၊ One Village One Product ထုတ်ကုန်အသစ်များ ပေါ်ထွက်လာစေရေး၊ ပြည်သူများအနေဖြင့် မိမိတို့ဒေသထွက်အသီးအနှံများအား တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေတိုးပွားလာစေရေးနှင့် ကျေးလက် ဆင်းရဲမှုလျှော့ချရေးစသည့်ရည်ရွယ်ချက်များဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျုံးကျေးရွာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊‌ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ "သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း" အမှတ်စဉ် (၁/၂၀၂၄-၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊‌ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒေသဦးစီးမှူး ဒေါ်အေးအေးသန့်က သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးပြီး သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သင်တန်းကာလမှာ ဇွန်လ (၈) ရက်နေ့မှ ဇွန်လ (၁၄) ရက်နေ့ထိဖြစ်ပြီး အဆိုပါသင်တန်းတွင် သင်တန်းသူ/ သင်တန်းသားစုစုပေါင်း (၂၀) ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)