ပွင့်ဖြူမြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပွင့်ဖြူ ဇွန် ၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ကာ ယနေ့နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် အိုးထိန်းတောင်ဘုန်း‌ကြီး‌ကျောင်းဝန်း မြေကွက်လပ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပသည်။

အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့်   ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာန(တာဝန်ခံ)တောအုပ် ဦးအောင်ကျော်မိုးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး ရေတမာပင် ၅၀၊ တမာပင် ၅၀၊ မယ်ဇယ် ၅၀၊ ကျွန်းပင် ၅၀ ပင်၊ စုစုပေါင်း အရိပ်ရပျိုးပင် ၂၀၀ အား သတ်မှတ်နေရာများတွင် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သစ်တောသစ်ပင်များ၏တန်ဖိုးကို သိရှိနားလည်နိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ ရာသီဥတု ကောင်းမွန်မျှတစေရေး၊ အပူဒဏ်ကာကွယ်နိုင်စေရေးစသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်မိုးရာသီကာလ၌ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုပေါင်းပြီး သစ်ပင်စိုက်ပျိုးပွဲများကို အကောင် အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )