နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသီးနှံအပြည့်အဝ စိုက်ပျိုးနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇွန် ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသီးနှံအပြည့်အဝစိုက်ပျိုးနိုင်ရေး အကြိုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင်  နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေး ခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း မိုးသီးနှံများ အထွက်နှုန်းကောင်းသည့်မျိုးများကို အပြည့်အဝစိုက်ပျိုးနိုင်ရေး အတွက် တောင်သူများအား ဖြန့်ဖြူးပေးစေလိုကြောင်း၊ ကြဲပက်စနစ် ပပျောက်ပြီး မျိုးစေ့ချကိရိယာ များ၊ ကောက်စိုက်စက်များဖြင့် ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ကို တောင်သူများအား စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ မိုးသီးနှံများ အပြည့်အဝစိုက်ပျိုးနိုင်ရေး၊ သွင်းအားစုများကို တောင်သူလက်ဝယ်ရောက်ရှိရေး၊ သုံးသီးစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ တောင်သူများအား စိုက်ပျိုး မွေးမြူရေးများမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေဩဇာအဖြစ် သုံးစွဲနိုင်ရေး နည်းလမ်း များ ပညာပေးဆောင်ရွက်စေလိုကြောင်း၊ မိုးသီးနှံများကို အပြည့်အဝ စိုက်ပျိုးနိုင်ရေးအတွက် ယခင် နှစ်များ၏ အားနည်းချက်၊ အားသာချက်များကို သုံးသပ်ပြီး လက်တွေ့ကျကျ မြေပြင်ကွင်းဆင်း၍ အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက မိုးသီးနှံစိုက်ပျိုးရန် လျာထားမှုအခြေအနေများ၊ မိုးသီးနှံအပြည့်အဝ စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီးရှင်း လင်း တင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း၊ (ပြန်/ဆက်)