သရက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ဝိုင်းကျင်းပ

သရက် ဇွန် ၉

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်သူများပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ဝိုင်းကို ရန်ကုန်ဘဆွေ၏ “သေသော်မှတည့်‌ ‌ဪကောင်း၏” စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ(၁:၃၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်  Communty Centre ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက အမှာစကားပြောကြားရာတွင် စာပေချစ်မြတ်သူများဖြင့် စာပေစကားဝိုင်များ ပုံမှန်ကျင်းပလျက်ရှိပြီး ယနေ့စာဖတ်ဝိုင်းတွင် စာရေးသူ၏အရေးအသားကို တစ်ဦးချင်း၏ အမြင်များ စာအုပ်မှရရှိသည့် မိမိ၏အတွေးမြင်များကို ရင်းနှီးပွင်းလင်းစွာ ဆွေးနွေးပေးကြရန်စေရန် ရည်ရွယ်၍ ဆောင်ရွက်မှာဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး Book Club ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက စာဖတ်ဝိုင်းကို ဦးဆောင်ဆွေးနွေးပေခဲ့သည်။

ထို့နောက် Book Club အဖွဲ့ဝင်များ ဖြစ်ကြသည့် ကဗျာကဆရာ မောင်မင်းသိမ်း(သရက်)၊ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဖြူဖြူဟန်၊ ဒေါ်အေးအေးရီတို့က မိမိတို့လေ့လာဖတ်ရှုထားသည်များကို တစ်ဦးချင်းဆွေးနွေးခဲ့ကြပြီး ဦးမြင့်ဆွေက သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)