ကျွန်းလှ၌ “ လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ကျွန်းလှ ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ရှေးဦးစွာ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက စာဖတ်ဝိုင်းကျင်းပခြင်းဖြင့် လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ရှိပြီး အသိပညာဗဟုသုရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာ ဒေါက်တာ ခင်မောင်ညို ရေးသားသည့် “ လူငယ်နှင့် ‌အကောင်းဆုံးသော ဘဝကို တည်တောက်ခြင်း” စာအုပ်မှ သဘာဝဘေးအန္တရာယ်အကြောင်း ဖတ်ကြားဆွေးနွေး ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံများအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ