ကျိုင်းတုံမြို့၌ စာသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုင်းတုံ ဇွန် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စာသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ကျိုင်းတုံ)တွင် ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်လင်းဦးနှင့် ဝန်ထမ်းများက စားသုံးသူအခွင့်အရေးများ၊ စားသုံးသူ၏ တာဝန်များ၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ အာမခံချက်ပေးခြင်းများ စသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ကျိုင်းတုံ)မှ ကျောင်းသား၊ ကျောင်းသူ တိုင်ရင်းသားလူငယ်များအား အသိပညာပေးဟောပြောပြီး စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်များပါဝင်သော အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)