သံဖြူဇရပ်မြိုနယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

သံဖြူဇရပ် ဇွန် ၉

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေ၍ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှအဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ခြင်းကို သွေလွန်တုပ်ကွေးရောဂါဖြစ်ပွားစေနိုင်သည့်ခြင်များ ပေါက်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ မိသားစုများအား ခြင်ပေါက်ပွားနိုင်သည့် ရေစည်၊ ရေအိုး၊ ရေကန်များအတွင်း အဘိတ်ဆေးခပ်ခြင်းနှင့် ဘုရားပန်းအိုး၊ ကားတာယာအဟောင်းများ၊ စွန့်ပစ်အမှိုက်များရှိ ခွက်များ၊ ပုံးခွံများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းမှ အသိပညာပေးပြောကြားကာ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသပ်တပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ပေးခဲ့​ကြပြီး၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် အပတ်စဥ်စနေနေ့တိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

​မြို့နယ်(ပြန်/ဆက်)