ဒိုက်ဦးမြို့နယ်တွင် Biometric (ဇီဝဆိုင်ရာ) အချက်အလက်ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

ဒိုက်ဦး ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ဇွန်(၂)ရက်နံနက်ပိုင်း၌ ဖအောင်ဝဲကျေးရွာဓမ္မာရုံ၊ ဆင်စခန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် ကုက္ကိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့၌ ပြည်သူများအား Biometric (ဇီဝဆိုင်ရာ)အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကို ဇွန်လ(၂)ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် လူတစ်ဦးချင်းစီအား စက်ကိရိယာဖြင့် မျက်လုံးစကန်ဖတ်ခြင်း(Lris Scanner)၊ စက်ကိရိယာဖြင့်လက်ဗွေစကန်ဖတ်ခြင်း(Fingerprint Scanner)နှင့် မျက်နှာစကန်ဖတ်ခြင်း (Logitech Webcam)များ ဆောင်ရွက်ပြီး အတည်ပြုပုံစံများ ဖြည့်သွင်း၍ ချက်ခြင်းထုတ်ပေးခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်လူမှုအင်အားဦးစီးဌာန ဦးစီးမှူး ဦးကျော်စိုးမိုးက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)